Enrolment options

ဂေဟစနစ်အခြေပြု လိုက်လျောညီထွေနေထိုင်ခြင်းမှတဆင့် မြို့ပြ ရာသီဥတုဒဏ် ခုခံနိုင်စွမ်းကို တည်ဆောက်ခြင်း (EbA)
General
Auto Enrol

ဤသင်ခန်းစာသည် ဂေဟစနစ်အခြေပြု လိုက်လျောညီထွေနေထိုင်ခြင်း၏ သဘောတရားကို မိတ်ဆက်ပေးပြီး ဂေဟစနစ်အခြေပြု လိုက်လျောညီထွေနေထိုင်ရေး စီမံကိန်းများ စီစဉ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်းကိုလမ်းညွှန်ပေးပါသည်။ ထိုမှတဆင့် သင်၏ မြို့တွင် ဒေသတွင်း ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်များ အကောင်အထည် ဖော်ဆောင်ရန် ကူညီပေးပြီး စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (Sustainable Development Goals – SDGs) ကို ရောက်ရှိရန် အထောက်အကူပေးနိုင်မည်ဖြစ်သည်။

ဤ သင်ခန်းစာသည် ဒေသန္တရနှင့် နိုင်ငံတော်အဆင့် အစိုးရ ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ အရပ်ဘက်အခြေပြုအဖွဲ့အစည်းများ (CBOs)၊ ပုဂ္ဂလိက ကဏ္ဍများ အပါအဝင် မြို့ပြဖွံ့ဖြိုးရေး ဖော်ဆောင်နေသော ဒေသတွင်းသက်ဆိုင်သူများ၊  ကုလသမဂ္ဂအဖွဲ့နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ဒေသန္တရအဆင့် ဂေဟစနစ် အခြေပြု လိုက်လျောညီထွေ နေထိုင်ခြင်းကို ပိုမိုလေ့လာလိုသူတို့ အတွက် ရည်ရွယ်ထားပါသည်။

စတင်နိုင်သည့်ရက်စွဲ - ဤသင်တန်းသည် ကိုယ်တိုင်စီမံဆောင်ရွက်နိုင်သော သင်တန်းဖြစ်သည့် အတွက် မည်သည့်အချိန်မဆို စတင်နိုင်သည်။

ကြာမြင့်ချိန်: ၂ နာရီခန့်

သင်တန်းကြေး: အခမဲ့

Self enrolment (Student)